အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလှူရှင်များက COVID-19ရောဂါကာကွယ်ရေးပစ္စည်း များ ပေးအပ်လှူဒါန်း 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလှူရှင်များက COVID-19ရောဂါကာကွယ်ရေးပစ္စည်း များ ပေးအပ်လှူဒါန်း 

နေပြည်တော်၊ မေ - ၁၁ 

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် တပ်မတော်သားများအတွက် အထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ 

ထို့နောက် မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ တာဝန်ရှိသူများက COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် Face Mask ၂၀၀၀၀ ခု၊ Hand Gel ၄၈ ဗူးတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 

(zawgyi)

 

အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္သို႔ အလႉရွင္မ်ားက COVID-19ေရာဂါကာကြယ္ေရးပစၥည္း မ်ား ေပးအပ္လႉဒါန္း 

ေနျပည္ေတာ္၊ ေမ - ၁၁ 

COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ေနသည့္ တပ္မေတာ္သားမ်ားအတြက္ အေထာက္အကူျပဳပစၥည္းမ်ားလႉဒါန္းျခင္းကို ယေန႔ နံနက္ပိုင္းတြင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ဧည့္ခန္းမ၌ ျပဳလုပ္ရာ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦးႏွင့္ အဖြဲ႕ဝင္မ်ား၊ ေစတနာရွင္ အလႉရွင္မ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ မႏၲေလး ယူနန္ဗုဒၶဘာသာဘုရားေက်ာင္းမွ တာဝန္ရွိသူတစ္ဦးက COVID-19 ေရာဂါကာကြယ္ေရးပစၥည္းမ်ား ေပးအပ္လႉဒါန္းရျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကား သည္။ 

ထို႔ေနာက္ မႏၲေလး ယူနန္ဗုဒၶဘာသာဘုရားေက်ာင္းမွ တာဝန္ရွိသူမ်ားက COVID-19 ေရာဂါကာကြယ္ေရးပစၥည္းမ်ားျဖစ္သည့္ Face Mask ၂၀၀၀၀ ခု၊ Hand Gel ၄၈ ဗူးတို႔ကို ေပးအပ္လႉဒါန္းရာ တိုင္းမႉးက လက္ခံရယူၿပီး အလႉရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္း လႊာ ျပန္လည္ေပးအပ္ကာ ေက်းဇူးတင္စကားေျပာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။ 

Recent News